ပြည်သူ့လွှတ်တော်၊တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တောင်သူလယ်သမားနှင့်မြေယာကိစ္စရပ်များဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမျိုးခိုင်၊အတွင်းရေးမှူး ဦးဝင်းကိုနှင့်အဖွဲ့ဝင်များအားလက်ခံတ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်သည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တောင်သူလယ်သမားနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမျိုးခိုင်နှင့်အဖွဲ့ဝင်များအားယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိလွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌမှ ကော်မတီ၏ တာဝန်ဝတ္တရားများနှင့် လုပ်ငန်းတာဝန်များအားရှင်းလင်းပြောကြားပြီး ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပြင်ဆင်နိုင်ရေးကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်းနှင့်အတူကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်

 

Standard (Image)