ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်သည် ဂျာမနီအခြေစိုက် GIZအဖွဲ့အားယနေ့ မွန်းလွဲ ၁ နာရီ်တွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။ထိုသို့တွေ့ဆုံရာတွင် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ၊ GIZ မှ အထောက်အကူပြုလိုသည့် Workshop နှင့် Seminar များပြုလုပ်မည့် အစီအစဉ်များနှင့်စပ်လျဉ်းပြီးရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနိုင်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်
Standard (Image)
