ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် စင်္ကာပူနိုင်ငံသံရုံးမှ ဒုတိယအကြီးအကဲ H.E.Mr. KOH CHEE CHIAN အား ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံ လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေး၊ စင်္ကာပူနိုင်ငံအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များတွင် အကူအညီပေးလျက်ရှိသည့် အစီအစဉ်များ၏ တိုးတက်နေသော အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဦးမျိုးဇော်အောင် နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်
