ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဦးဇော်သိန်းသည် IDEA ၏ မြန်မာဌာနေကိုယ်စားလှယ် Mark McDowell အား ယနေ့ မွန်းလွဲ ၁၄း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် IDEA အနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးသွားမည့်အစီအစဉ်များနှင့် ပြည်ထောင်စုလွှတ်တော် တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရေးအတွက် အရည် အချင်းမြှင့် သင်တန်း များ၊ Workshop နှင့် Forum ကျင်းပရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ ဦးမျိုးဇော်အောင်၊ ဦးဖြိုးဇေယျာသော်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်
