ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် Norway Power Co.,Ltd အဖွဲ့အား လက်ခံတွေ့ဆုံ

   ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် Norway Power Co.,Ltd အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

  ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် စက်မှုလက်မှု ပိုမိုဖွံ့ဖြိုးတိုးတက် စေရေးအတွက် အရည်အသွေး ကောင်းမွန်သော သန့်စင်စွမ်းအင် ထုတ်လုပ်မှုတွင် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

  အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်နှင့်အတူ အတွင်းရေးမှူး ဦးသက်လွင် (ခ) ဦးပေါခင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ် ၊  ဇူလိုင်လ ၆ ရက်

Standard (Image)