ပြည်သူ့လွှတ်တော်၊ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ DCAF အဖွဲ့အား လက်ခံတွေ့ဆုံ

ပည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး ဦးအောင်တင်လင်း တို့သည် DCAF အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး၊ ရဲလုပ်ငန်းစွမ်းရည် မြှင့်တင်နိုင်ရေးနှင့် ရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံအင်အားဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေနွေးပွဲသို့ ကော်မတီ အတွင်းရေးမှူးများနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်

Standard (Image)