ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် ကိုရီးယားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ Non-Profit ပညာရေးနှင့်သက်သာချောင်ချိရေး ဖောင်ဒေးရှင်း ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မီ ကိုယ်ပိုင်တက္ကသိုလ် အကောင်အထည်ဖော် တည်ဆောက်မည့် စီမံကိန်းအစီအစဉ်နှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးခမ်ခန့်ထန်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်
Standard (Image)
