ပြည်သူ့လွှတ်တော်ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း Innovative System Co.,Ltd နှင့် Schneider Electric Co.,Ltd တို့မှ တာဝန်ရှိပုဂ္ဂိုလ်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် Innovative System Co.,Ltd နှင့်  Schneider Electric Co.,Ltd တို့မှ တာဝန်ရှိပုဂ္ဂိုလ်များအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အမျိုးသားကျန်းမာရေးအာမခံစနစ်တွင် လိုအပ်လျက်ရှိသော နိုင်ငံတကာတွင် လက်တွေ့အသုံးပြုနေသည့် IT နည်းပညာများနှင့့််စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်

 

 

Standard (Image)