ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E.Mr. Pier Giorgio ALIBERTI အား လက်ခံတွေ့ဆုံ

       ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E.Mr. Pier Giorgio ALIBERTI အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌  လက်ခံတွေ့ဆုံသည်။

          တွေ့ဆုံစဉ် မြန်မာ-အီတလီ နှစ်နိုင်ငံအစိုးရချင်း စီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက် မည့် အစီအစဉ်များ အီတလီနိုင်ငံအနေဖြင့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်လိုသည့်ကိစ္စရပ်များနှင့် စပ်လျဉ်းပြီးရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈  ရက်

Standard (Image)