ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် UK အောက်လွှတ်တော်၏ Clerk of Legislation ဖြစ်သူ Mr. Liam Laurence Smyth ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံလွှတ်တော်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်လုပ်ငန်းစဉ်များ ခိုင်မာအားကောင်းလာစေရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုများ၊ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အကူအညီပေးနေမှုများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်
Standard (Image)
