ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း သြစတြေးလျ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန ကော်မရှင်ဥက္ကဋ္ဌ Mr. Don Heatley နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် သြစတြေးလျအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးသုတေသန ကော်မရှင်ဥက္ကဋ္ဌ Mr. Don Heatley နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ သုတေသန လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး၊ ACIAR မှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် ချမှတ်ထားသည့် မဟာဗျူဟာစီမံကိန်းများနှင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဆိုင်ရာလုပ်ငန်းအတွေ့အကြုံများနှင့် စပ်လျဉ်းပြီး အမြင်းချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈  ရက်

 

Standard (Image)