ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်အခြေစိုက် INLE Advisory Group မှ ဥက္ကဋ္ဌ Ms. Erin Murphy အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်အခြေစိုက် INLE Advisory Group မှ ဥက္ကဋ္ဌ Ms. Erin Murphy အား ယနေ့ မွန်းလွဲ (၁:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် အဓိကလိုအပ်လျက်ရှိသော လျှပ်စစ်စွမ်းအင်ပိုမိုရရှိရေး အတွက် မန္တလေးတိုင်းဒေသကြီးတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့်  လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု စီမံကိန်းအစီအစဉ်များ၊ လျှပ်စစ်စွမ်းအင်ထုတ်ယူမှုဆိုင်ရာ နည်းပညာပိုင်းနှင့် ၎င်းစီမံကိန်းအောင်မြင်ပါက ကျန်တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဆက်လက်ဆောင်ရွက် သွားနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးစိုးမြင့်(ခ)ဦးအောင်ဇော်မြင့် နှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်

Standard (Image)