ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် Quasar Resources LLC အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင် သည် Quasar Resources LLC အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာနည်းပညာမှ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မည့် စီမံကိန်းအစီအစဉ်များ၊ ဆိုလာစနစ်မှ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ခြင်း၊ တိုးတက်ပြောင်းလဲလာမှု အခြေအနေများ၊ ဓာတ်အားခနှုန်းထားများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်

Standard (Image)