ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်အေးသည် Quasar Resources LLC အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်လျက်ရှိသည့် ရွှေဘို project ဆောင်ရွက်နေမှု အခြေအနေများနှင့် အခြား project များ ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်
Standard (Image)
