ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း Family Health International 360 အဖွဲ့အား လက်ခံတွေ့ဆုံ

          ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် Family Health International 360 အဖွဲ့၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ဆန်းစစ်ရန် အတွက် အမေရိကန် အခြေစိုက်အဖွဲ့ဝင် (၃) ဦးပါဝင်သော Social Impact အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့ တွေ့ဆုံရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ တောင်သူလယ်သမားများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်

Standard (Image)