ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစောသည် Civil Authorize Negotiate Organization (C.A.N- Myanmar) အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အရပ်ဘက် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များက ၎င်းတို့၏ စိန်ခေါ်မှုများကို အသိပေးပြီး လူထုအသိုင်းအဝိုင်းမှ ပါဝင်ကူညီ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အကြံဉာဏ် တောင်းခံခြင်းများ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်
Standard (Image)
