ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကာတာသံအမတ်ကြီးသည် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် လွှတ်တော် ရေးရာဆောင် အမှတ် (I-1) သို့ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကာတာ သံအမတ်ကြီးမှ ပင်လယ်ကွေ့ဒေသ၏ အခြေအနေများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်
Standard (Image)
