အထူးကော်မရှင်ဥက္ကဋ္ဌအား တရုတ်သံအမတ်ကြီးလာရောက်တွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr Hong Liang သည် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား  ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် လွှတ်တော်ရေးရာ ဆောင်အမှတ် (I-11) သို့ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ်  မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ ပါဝင် ဆောင်ရွက်ပေးနိုင်မှုနှင့် ပါဝင်ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုခိုင်မာတိုးတက်စေရန်အတွက် ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်

Standard (Image)