ပြည်သူ့လွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း Myanmar-China Pipeline Watch Committee (MCPWC) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း သည် Myanmar-China Pipeline Watch Committee (MCPWC) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီအဖွဲ့မှ ပိုက်လိုင်း သုတေသနအစီရင်ခံစာ၊ သုတေသနတွေ့ရှိချက်များ၊  ပိုက်လိုင်းသွယ်တန်းထားသည့် နေရာများရှိ ဒေသခံပြည်သူများ၏ ဆုံးရှုံးနစ်နာမှုများကို ရှင်းလင်းတင်ပြပြီး လွှတ်တော်နှင့်အစိုးရဘက်မှ ဖြေရှင်းဆောင်ရွက်နေမှုများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးအေးနိုင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်

Standard (Image)