ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် သည် NAMATI မှ Mr. Tim Millar ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ (၂း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥပဒေရေးရာစွမ်းဆောင်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ တောင်သူလယ်သမားများအတွက် ပိုမိုကောင်းမွန်ပြည့်စုံသော ဥပဒေများ ပေါ်ထွက်လာစေရေးနှင့် သိမ်းဆည်းခံမြေယာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ အတွင်းရေးမှူး ဦးသိန်းထွန်း နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်
Standard (Image)
