ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံ စာများစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင် ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၊  တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင် ဦးဆောင်သည့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-4) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကော်မတီ (၂) ရပ်၏ လုပ်ငန်းတာဝန်များ၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ လုပ်ငန်းစဉ်များ၊ ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများ နှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ကော်မတီအတွင်းရေးမှူးများနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်

Standard (Image)