ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်း တောင်သူဖွံ့ဖြိုးရေးသင်တန်းကျောင်း (GPI) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းနှင့် ကော်မတီအဖွဲ့ဝင်များသည် တောင်သူဖွံ့ဖြိုးရေး သင်တန်းကျောင်း (GPI) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် တောင်သူလယ်သမားများ၏ လယ်ယာမြေအကျိုးစီးပွား စီမံခန့်ခွဲမှုဆိုင်ရာများ၊ မြေအသုံးပြုခွင့်လက်မှတ် (ပုံစံ-၇) ရရှိရေးနှင့် သိမ်းဆည်းခံလယ်ယာမြေ ပြဿနာများအား ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်

 

 

Standard (Image)