ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) နှင့် ပညာသင်ယူမှု အခွင့်အလမ်းတိုးမြှင့်ရေး၊ ပညာရေးအရည်အသွေး မြင့်မားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၇ ခုနှစ်၊ မေလ ၂၅ ရက်
Standard (Image)
