ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ဥရောပပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ သည် ဥရောပပါလီမန်၊ စီးပွားရေးနှင့်ငွေကြေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Mr. Werner LANGEN ဦးဆောင်သော ဥရောပပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်အဖွဲ့နှင်‌့အတူ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia လည်း တက်ရောက်ခဲ့သည်။

တွေ့ဆုံစဉ် ဥရောပပါလီမန်နှင့် မြန်မာနိုင်ငံလွှတ်တော်အကြား ချစ်ကြည်ရင်းနှီးမှုနှင်‌့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များ နှင်‌့ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

၂၀၁၇ ခုနှစ်၊ မေလ ၂၆ ရက်

Standard (Image)