ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း သည် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့ ညနေ (၃း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-4) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ လုပ်ငန်းတာဝန်များ၊ နော်ဝေနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ပြောင်းလဲရေးတွင် ဆက်လက်ကူညီပေးမည့် ကိစ္စရပ်များ၊ တရားစီရင်ရေးကဏ္ဍတွင် အာဏာသုံးရပ် ခွဲဝေခြင်းနှင့်စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ အတွင်းရေးမှူး ဦးအောင်တင်လင်း တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်
Standard (Image)
