ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်ချမ်းရေးဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အားလက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဦးအင်ထုံးခါးနော်ဆမ် သည် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့ မွန်းလွဲ (၂း၁၅) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-6) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကော်မတီ၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များနှင့် နော်ဝေနိုင်ငံမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်လျက်ရှိသည့်  ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ 

အဆိုပါဆွေးနွေးပွဲသို့   ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးလှထွန်းကျော်၊ ဒေါက်တာလှိုင်မြင့်ဟန်၊ ဦးပဲ့ဒူ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်

Standard (Image)