ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း သည် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-10) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် ပံ့ပိုးဆောင်ရွက်မည့်ကဏ္ဍများ ဖြစ်ကြသည့် ရေအားလျှပ်စစ်ကဏ္ဍ၊ ငြိမ်းချမ်းရေးကဏ္ဍ၊ EITI နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သစ်တောစိုက်ခင်းများ ပြုစုပျိုးထောင်ရေးကဏ္ဍများ ဆွေးနွေးခဲ့ကြပြီး သယံဇာတမူဝါဒနှင့် ဥပဒေဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးအေးနိုင် နှင့် ကော်မတီအဖွဲ့ဝင် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီး တို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်
