ပြည်သူ့လွှတ်တော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက် များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့်် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ Deputy Chief of Mission & Counsellor, Mr. Koh Chee Chain အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မေဝင်းမြင့််သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ Deputy Chief of Mission & Counsellor, Mr. Koh Chee Chain အား ယနေ့ ညနေ ၄နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင် အမှတ်  (I-3) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုကိစ္စရပ်များ၊ မြန်မာ-စင်္ကာပူ လွှတ်တော်များ၏ လုပ်ငန်းဆောင်တာများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

 အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးဇုံးတိန့်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးနိုင်၊ ဒေါ်ခင်စောဝေ၊ ဦးခင်မောင်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်

Standard (Image)