ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ Deputy Chief of Mission & Counsellor, Mr. Koh Chee Chain အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် စင်္ကာပူနှင့်မြန်မာ နှစ်နိုင်ငံ၏သံတမန်ဆက်ဆံရေး အတွေ့အကြုံများ၊ အာဆီယံနိုင်ငံ များတွင် အရေးပါလာသောမြန်မာနိုင်ငံ၏ အခန်းကဏ္ဍ၊ နှစ်နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ ကော်မတီအတွင်းရေးမှူးဦးဘိုဘိုဦး၊ ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
