ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် အတွင်းရေးမှူး ဦးဘိုဘိုဦး တို့သည် နော်ဝေသံအမတ်ကြီး H.E.Ms.Tone Tinnes အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံမှ ပါဝင်ကူညီမည့်လွှတ်တော်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး သင်တန်းများနှင့် ကျန်းမာရေးမြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
Standard (Image)
