ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဦး ကျောက်တံခါးမဲဆန္ဒနယ်၏ မိတ်ဆွေ (၂၃) ဦး၊ ပါမောက္ခ ဒေါက်တာခင်မြတ်မြတ်အောင် ဦးဆောင်သည့် မိတ္ထီလာတက္ကသိုလ်မှ ကြီးကြပ်သူ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၂၄၉) ဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးဝင်းမြင့် (ဦးစီးအရာရှိ) နှင့် စကားပြန်တစ်ဦး ဦးဆောင်၍ ဆွစ်ဇာလန်နိုင်ငံသား (၂) ဦး၊ စုစုပေါင်း (၂၇၆) ဦး တို့သည် ယနေ့နံနက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ပြီး လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်
Standard (Image)
