ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် UNESCO ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Mr. Mikel Aguirre Idiaquez အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် UNESCO ၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ် Mr. Mikel Aguirre Idiaquez အား ယနေ့ နံနက် (၀၈း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံသတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး  ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်း နှင့်အတူ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါက်တာဝေဖြိုးအောင်၊ ဦးနေမျိုးထွန်း၊ ဦးမင်းသိန်း၊ ဦးဇော်ဝင်း တို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်

Standard (Image)