ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း သည် UNESCO အဖွဲ့အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် UNESCO မှ သတင်းမီဒီယာ ယဉ်ကျေးမှုသိပ္ပံနှင့် ဇီဝကျင့်ဝတ်ဆိုင်ရာများတွင် အကူအညီပေးလျက်ရှိရာ မြန်မာနိုင်ငံတွင် သတင်းမီဒီယာနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နည်းပညာ ပံ့ပိုးထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိပြီး ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာန နှင့်ပူးပေါင်း၍ ရုပ်သံလွှင့်ဥပဒေနှင့် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါကိစ္စရပ် များနှင့်စပ်လျဉ်းပြီး အခြေခံလိုက်နာရမည့် စည်းမျဉ်းများအား လွှတ်တော်အနေဖြင့် အကြံပြုဆွေးနွေးလိုသည့် ကိစ္စရပ်များကို ဆက်လက်ကျင်းပသွားမည့် ဆွေးနွေးပွဲများတွင် တက်ရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်
