ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတောဆိုင်ရာ သံအမတ်ကြီးများဖြစ်ကြသော ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Andrew Patrick ၊ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Peter Lysholt Hansen ၊ အမေရိကန်ပြည်ထောင်စု သံအမတ်ကြီး H.E. Mr. Scot Marciel နှင့် ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ရုံး ယာယီတာဝန်ခံ Mr. Colin STEINBACH တို့အား ယနေ့ နံနက် ၉ နာရီချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်
