ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာ-ဂျပန် ပါလီမန်ချင်း ချစ်ကြည်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် Parliamentary Sakura Promotion Association of Japan ဥက္ကဋ္ဌ H.E.Mr. Ichiro AISAWA အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မြဲရေး၊ ဂျပန် - မြန်မာ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း၊ အစိုးရအချင်းချင်း၊ ပြည်သူအချင်းချင်း၊ ကဏ္ဍစုံချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်
