ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း International Republican Institute (IRI) ၏ Senior Advisor Ms. Johanna Kao ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် International Republican Institute (IRI) ၏ Senior Advisor Ms. Johanna Kao ဦးဆောင်သည့်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5)    အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် IRI အဖွဲ့ကို ၂၀၀၇ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင်  လူပေါင်း (၃၀၀၀)အား ကောက်ယူခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်းကောက်ယူခြင်းကို အသေးစိတ်ရှင်းလင်းတင်ပြပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် အနည်းဆုံး လူထုစစ်တမ်းတစ်ခု ထပ်မံကောက်ယူမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အတွင်းရေးမှူးဦးဘိုဘိုဦး၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်ပြုံးကေသီနိုင်၊ဒေါ်ခင်နှင်းသစ်၊ ဦးမျိုးဇော်အောင်၊ ဦးဇာနည်မင်း၊ ဦးကံဦး၊ ဗိုလ်မှူးချုပ်ဝင်းကိုကို၊ ဒေါက်တာဦးမင်းသိန်း၊ ဦးအောင်ထူးမြင့်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်  

 

 

 

 

 

Standard (Image)