ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် ဂျပန်နိုင်ငံ Toyo Eiwa Women’s College (TEWC) တွင် သင်ကြားနေသော Professor Mr.Saburo Tikizaw နှင့် ကျောင်းသား /ကျောင်းသူများအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် ဂျပန်နိုင်ငံ Toyo Eiwa Women’s College (TEWC) တွင် သင်ကြားနေသော Professor Mr.Saburo Tikizaw နှင့် ကျောင်းသား/ကျောင်းသူများအား ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျောင်းသားများ၏အတွေးအခေါ်၊ အယူအဆများကို ဦးစားပေးသင်ကြားသည့် ကျောင်းသားဗဟိုပြု ပညာရေးစနစ် အကောင်အထည်ဖော်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဂျပန်-မြန်မာ နှစ်နိုင်ငံ ပညာရေးစနစ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်

Standard (Image)