ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး NPO Asia Environmental Technology Promotion Institute, NPO-AET (အာရှဒေသပတ်ဝန်းကျင်ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှု)အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Mr.Akio Kawakami အား လက်ခံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်အေး သည် NPO Asia Environmental Technology Promotion Institute, NPO-AET (အာရှဒေသပတ်ဝန်းကျင်ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှု)အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ Mr.Akio Kawakami အား ယနေ့ ညနေ ၃ နာရီ်ခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အောင်ဆန်း နည်းပညာသင်တန်းကျောင်း ဖွင့်လှစ်ပြီး မြန်မာနိုင်ငံအားပံ့ပိုး ကူညီသွားမည့် အစီအစဉ်များနှင့် 3rd Industrial Human Resource Development Symposium အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်  ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးခင်မောင်စိုးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃ ရက်

Standard (Image)