ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်း ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Eduardo E. Kapunan Jr. ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး H.E. Mr. Eduardo E. Kapunan Jr. ဦးဆောင်သည့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5)၌ လက်ခံတွေ့ဆုံသည်။

ထိုတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်၊ ဒေါ်ခင်နှင်းသစ်၊ ဦးမျိုးဇော်အောင်၊ ဦးဇာနည်မင်း၊ ဗိုလ်မှူးချုပ် ဝင်းကိုကို၊ ဒေါက်တာဦးမင်းသိန်း၊ လေ့လာသူ ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဖိလစ်ပိုင်နိုင်ငံနှင့်မြန်မာနိုင်ငံတို့ ရင်းနှီးသောနှစ်နိုင်ငံ ဆက်ဆံရေးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများ ကိုလည်းကောင်း၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ကျေးရွာအဆင့် လုပ်ငန်းများကို နိုင်ငံတော်က ချေးငွေထုတ်ပေးခြင်းဖြင့် ရေရှည်စီမံကိန်းချမှတ် အကောင် အထည်ဖော်ခြင်းကိုလည်းကောင်း၊ နှစ်နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြတ်သန်းမှု အတွေ့အကြုံများနှင့် အိမ်နီးချင်းနိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃ ရက်

Standard (Image)