ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Panna Institute ၏ Chief Executive ဖြစ်သူ ဦးဖေအောင်ဇင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ က လွှတ်တော်များဖွံ့ဖြိုးတိုးတက် ရေးအတွက် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ (JCC) ကို ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေများနှင့် Panna Institute အနေဖြင့် လွှတ်တော် ကိုယ်စားလှယ် များအတွက် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးဟောပြော ပွဲများ ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်များဖွံ့ဖြိုး တိုးတက် ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (JCC)အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာ ဒေါ်သန်းငွေ၊ ဒေါ်အေးအေးမူ၊ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃ ရက်
