ပြည်သူ့လွှတ်တော်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် 359 Group International Japan Co.,Ltd မှ အမှုဆောင်အရာရှိချုပ် Mr. Banya Zaw နှင့် Mr. Shinichiro Mistsuhiro ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအမျိုးသားမှတ်ပုံတင်စနစ်နှင့် နိုင်ငံသားများ လုပ်ငန်းဆာင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရန် Digital ID Card အသုံးပြုခြင်း၏ အကျိုး ကျေးဇူးများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးနေဖူးဗဆွေနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃ ရက်
Standard (Image)
