ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း သည် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-10) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပတ်ဝန်းကျင်နှင့် လူမှုစီမံခန့်ခွဲမှုဆိုင်ရာ ပညာဗဟုသုတများ ဖြန့်ဝေရန် ဦးစားပေး အခြေပြုသင့်သည့် တက္ကသိုလ်၊ အဖွဲ့အစည်းများ တည်ထောင်ရေး၊ လက်ရှိဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်၊ လူမှုပြဿနာများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမျိုးသားဥယျာဉ်များ တည်ထောင်ရာတွင် ဒေသခံတို့ ကြုံတွေ့နေရသည့် လူနေမှုဘဝ ပြဿနာများနှင့် ဥပဒေရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်
Standard (Image)
