ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် THE ROCKEFELLER FOUNDATION အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာ ဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးအတွက် စွမ်းအင်ကဏ္ဍအဆင့်မြှင့်တင်ရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိနိုင်ရန် အဓိကထား ကူညီပေးရေးနှင့် လျှပ်စစ်မီးရရှိခြင်း၏ ဆင့်ပွားအကျိုးကျေးဇူးများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၂ ရက်
Standard (Image)
