ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် NPO Asia Environmental Technology Promotion Institute မှ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည်  NPO Asia Environmental Technology Promotion Institute (အာရှဒေသတွင်း နည်းပညာမြှင့်တင်ရေးအဖွဲ့) ၏ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Mr. Akio Kawakami ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ ၊ NPO က ဦးစီးပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Japan-Myanmar Vocational Training Institute (JMVTI) Aung San Project နှင့် ပတ်သက်၍ စီမံကိန်းဆိုင်ရာအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သန်းငွေ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြပါသည်။

၂၀၁၇ ခုနှစ် ၊ သြဂုတ်လ ၂ ရက် 

Standard (Image)