ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် နယ်သာလန်နိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E.Mr.Wouter Jurgens အား ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ (၁၅း၃၀) နာရီအချိန်တွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလွှတ်တော်များနှင့် ပတ်သက်သော အတွေ့အကြုံများ၊ မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်၌ နယ်သာလန်နိုင်ငံက ကူညီထောက်ပံ့မှုများ၊ နယ်သာလန်နိုင်ငံ၏ ကျွမ်းကျင်ထူးချွန်သည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှု အတွေ့အကြုံများနှင့် နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း အပြန်အလှန် ဆက်ဆံရေး၊ အတွေ့အကြုံဖလှယ်ရေးနှင့် လေ့လာရေးစသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်
