ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်အောင် နှင့် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း တို့သည် WESTMINISTER FOUNDATION FOR DEMOCRACY (WFD) အဖွဲ့မှ Technical Advisor Mr. Franklin De Vrieze အား ယနေ့ ညနေ (၄း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် WFD အနေဖြင့် သုတေသနနှင့် အလုပ်ရုံဆွေးနွေးပွဲများကို ကူညီဆောင်ရွက်ပေးရန်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပညာရေး၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ဥပဒေပြုရေးလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်
Standard (Image)
