ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chong Qing မြို့တော်အခြေစိုက် YIN QIAO GROUP မှဥက္ကဋ္ဌ Mr. ZHAO YIN CHUN အဖွဲ့အား ယနေ့ နေ့လယ် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာ ဆောင် အဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် YIN QIAO GROUP အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံ ရင်းနှီးမြှုပ်နှံမည့် ကိစ္စရပ်များ၊ နိုင်ငံတကာအဆင့်မီ အမြန်ချောပို့စာတိုက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမည့် အစီအစဉ်များနှင့် စာတိုက်ဘဏ် အကောင်အထည် ဖော်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသ့ို အတွင်းရေးမှူး ဦးတင်ထွန်းနိုင်နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်
