ပြည်သူ့လွှတ်တော်ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chong Qing မြို့တော် အခြေစိုက် YIN QIAO GROUP မှ ဥက္ကဋ္ဌ Mr. ZHAO YIN CHUN အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chong Qing မြို့တော်အခြေစိုက် YIN QIAO GROUP မှ ဥက္ကဋ္ဌ Mr. ZHAO YIN CHUN ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီ ၁၅မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ်   YIN QIAO GROUP အနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတစ်ဝှမ်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုှုများ၊ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေးအတွက် နိုင်ငံတကာအဆင့်မီ စက်ရုံများ တည်ဆောက်မည့် အစီအစဉ်များနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်ရေး အတွက် အကူအညီပေးအပ်မည့် စီမံကိန်းများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။     

အဆိုပါတွေ့ဆုံပွဲသ့ို  ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးသက်လွင် (ခ) ဦးပေါခင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်

Standard (Image)