ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ ဗီယက်နမ်နိုင်ငံ၊ အမျိုးသားညီလာခံ ဥက္ကဋ္ဌ H.E. Madame Nguyen Thi Kim Ngan နှင်‌့ တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင်‌့ သည် ဗီယက်နမ်နိုင်ငံ၊ အမျိုးသားညီလာခံ ဥက္ကဋ္ဌ H.E. Madam Nguyen Thi Kim Ngan ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များနှင်‌့ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင်‌့အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင်‌့ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့ နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mrs. Luan Thuy Duong လည်း တက်ရောက်သည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

Standard (Image)