ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်း WESTMINISTER FOUNDATION FOR DEMOCRACY (WFD) မှ နည်းပညာအကြံပေး Mr.Franklin De Vrieze နှင့် အဖွဲ့အား တွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းသည် WESTMINISTER FOUNDATION FOR DEMOCRACY (WFD) မှ နည်းပညာ အကြံပေး Mr.Franklin De Vrieze ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ (၁၅း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ရေးရာဆောင်အမှတ် (I-6) အစည်းအဝေးခန်းမတွင် လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်  သက်ဆိုင်ရာ ကော်မတီများနှင့် သင့်လျော်သည့် အကြောင်းအရာများကို အခြေခံပြီး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးမည့် ကိစ္စရပ်များ၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များ WFD ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အရည်အချင်းမြှင့်တင်ရေး လုပ်ငန်းကိစ္စရပ်များ၊ တိုင်းရင်းသားရေးရာ အထွေထွေကိစ္စရပ်များနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဆက်စပ်သည့် တိုင်းရင်းသားအခန်း ကဏ္ဍများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။  

အဆိုပါတွေ့ဆုံပွဲသ့ို ပြည်သူ့လွှတ်တော်၊တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်

Standard (Image)